ဈေးကွက်ဈေးနှုန်း

Climate Friendly Agribusiness Value Chains (CFAVC) Project Meeting ကျင်းပခြင်း

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ အွန်လိုင်း Microsoft Teams ဖြင့် ရာသီဉတုနှင့်လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်စီမံကိန်း (CFAVC) ချေးငွေနှင့် ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်များညှိနှိုင်းသည့်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်-၂၊ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး(၃)ခုတွင်ရှိသည့် စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူး များ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ တိုင်းဒေသကြီးအလိုက် ကုန်သွယ်မှုဗဟိုဌာနမှ တာဝန်ခံများပါဝင်၍ ကွင်းဆင်းခြင်းကိစ္စ ဆောင်ရွက်ရန်နှင့် လုပ်ငန်းကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်းခြင်းကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

NES Unit